Print

သံပယို ဖျော်ရည် မနက်စောစော သောက်သင့်တဲ့ ကောင်းကျိုးများ

  30-Oct-2016
Preview Image

လူတစ်ယောက်ယောက်က သင့်ကို မနက်ပိုင်းမှာ အစောဆုံး အစားအစာ အဖြစ် သံပယိုရည် နွေးနွေးလေး(Warm Lemon Water) ကို သောက်သုံးသင့်တယ်လို့ပြောလာခဲ့ရင်တော့ အဲဒါဟာ မမှားပါဘူး။ သံပယို(Lemon) ဟာ အရသာ ရှိသလိုပဲ အာဟာရ ဖြစ်စေတဲ့ဓါတ်တွေလည်း အများကြီးပါ၀င်ပါတယ်။ သင်အိပ်ရာကနိုးနိုးချင်းမှာတင် သံပုယိုရည် ကို သောက်သုံးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် ရေရှည်ကောင်းမွန်လာစေမှာပါ။

 

၁။ အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်

သံပယို မှာ သတ္တုဓါတ်တွေနဲ့ ဗီတာမင်တွေများစွာပါ၀င်တဲ့အတွက် အစာချေဖျက်ခြင်းကရတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ကျွမ်းကျင်သူတွေက သံပယိုရည်နွေးနွေးလေးကို မနက်စောစောမှာ သောက်တာဟာ အစာအိမ်ရဲ့ လှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးတယ်လို့ သိရပါတယ်။

 

၂။ ကိုယ်အလေးချိန်လျော့ကျစေပါတယ်

သံပယို နဲ့ ပျားရည်ကို နွေးနွေး လေး ဖျော်စပ်ပြီး မနက်စောစောမှာသောက်သုံးတာဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ နည်းလမ်းကောင်းပါ။ သံပယိုမှာပါ၀င်တဲ့ ဖိုင်ဘာတွေဟာ အစာအိမ်အတွင်း က ဗိုက်ဆာစေတဲ့ အရည်တွေကိုဖယ်ရှားပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ချလိုသူတွေအတွက်လည်း အသုံးဝင်ပါတယ်။

 

၃။ အသားအရေ ကိုကြည်လင်စေပါတယ်

သံပယိုဟာ သွေးကြောထဲက အဆိပ်အတောက်တွေကိုသာ ဖယ်ရှားပေးရုံတင်မကပဲ သွေးကြောဆဲလ် အသစ်တွေကို လည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် ပျားရည်နဲ့သာ ရောစပ်ပြီးသောက်သုံးမယ်ဆိုရင်တော့ သင့်အရေပြားတွေကို ထိန်းသိမ်းပေးပြီး ဘက်တီးရီးယား တွေကို ကင်းစင်စေပါတယ်။

 

၄။ ကိုယ်ခံအား ကောင်းစေပါတယ်

သံပယိုမှာ ဗီတာမင် စီ ပါ၀င်တဲ့အတွက် ခန္ဓာကိုယ်ကထုတ်လုပ်တဲ့ ချွဲ ၊ သလိပ် ပမာဏ ကိုလျော့နည်းသွားစေပြီး ပိုတက်ဆီယမ် ပါ၀င်တဲ့အတွက်လည်း အာရုံကြောစနစ်နဲ့ သွေးဖိအား ထိန်းချုပ်မှုတွေကို ကူညီပေးနိုင်ပါတယ်။

 

၅။ အဆိပ်အတောက်ပြေစေပါတယ်

အစောက ပြောခဲ့သလိုပဲ သံပယိုဟာအစာချေဖျက်ခြင်းစနစ်ကို ကောင်းမွန်စေတဲ့ အပြင် သင့်ရဲ့ ဆီးသွားခြင်းကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သံပယိုမှာပါ၀င်တဲ့ Citric Acid ဟာ အသည်း ကိုလှုံ့ဆောင်ပေးနိုင်တဲ့အတွက်လည်း အဆိပ်အတောက်တွေ ကင်းစင်စေနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

 

Ref

Mario

Sunday, May 24, 2015

Source : Menxp



Related Articles


Advertisment 18